Sunday, September 1, 2013

မှတ်မှတ်ရရ မှတ်တမ်း



ကျပျောက်ခဲ့တဲ့ နှစ်လိုစရာ သီးသန့်ဘ၀သစ်  တစ်ခုကို ဘလော့ဂ်ရေးဖြစ်တဲ့အချိန်မှာ  ပြန်လည်ရရှိပိုင်ဆိုင်ခွင့်ရခဲ့တာအတွက် အမှတ်ရကျေးဇူးတင်ရမယ့် လေးစားခင်မင်ဖွယ်သူတွေ များပြားလွန်းလှတယ်။
ဆယ်စုနှစ် တစ်ခုကျော် မေ့ပျောက်ထားတဲ့ ၀တ္ထုတွေ ပြန်ရေးဖို့ အမြဲမပြတ် တိုက်တွန်းနေတတ်တဲ့ ဆရာ ငြိမ်းစိုးဦး
အွန်လိုင်းပေါ် ဖေးမခေါ်ခဲ့ပြီး ဘလောဂ်မှာ လိုအပ်သမျှ မငြီးမငြူ ရောင်စုံခြယ်သအလှဆင်ပေးခဲ့တဲ့ ကိုကြည်နိုင်  
တင်သမျှပို့စ်တွေကို ဖတ်ပေးပြီး ကောင်းရာကောင်းကြောင်း ပြောသွားတတ်ကြတဲ့ လူဇိုးရီး ကိုရီး၊ ညီ စိုးမိုး၊ ညလေး သော်တာ (ကျွန်တော့်ရဲ့ ပထမဆုံး ၀တ္ထုတိုပို့စ်တွေကို ဖတ်ပေးခဲ့ကြသူတွေပါ) နဲ့ မြန်မာ မာတီပလိုင်းမှ ညီအစ်ကို၊ မောင်နှများ…..
Blogspots မှာ ၀တ္ထုတိုလေးတွေ တင်ရင်း ဟိုဝင်သည်ထွက်ကာလတစ်ခုရဲ့ ဘလော့ဂါဒေးမှာ ကိုယ့်ဘလော့ဂ်လင့်ခ်လေးကို သူ့စာမျက်နှာမှာ တခုတ်တရ ဖော်ပြပေးခဲ့ပြီး စာတွေဆက်ရေးဖို့ အားပေးခဲ့တဲ့ ဆရာမ ပန်ဒိုရာ
ပထမအကြိမ် အွန်လိုင်းရွှေဝတ္ထုတိုပြိုင်ပွဲကို ၀တ္ထုတိုတွေ ပို့ပေးဖို့ တိုက်တွန်းရင်း လင့်ခ်တွေပေး၊ ပို့စ်တစ်ချို့မှာ လိုအပ်အားနည်းတာတွေကို ထောက်ပြပေးခဲ့တဲ့ ဆရာ မြစ်ကျိုးအင်း နဲ့ မရွှေဇင် (ရွှေစင်ဦး)  ( တိတ်ဆိတ်ငြိမ်သက်၊ ခြောက်ကပ်နေတဲ့ ကျွန်တော့် ဘလော့ဂ်လေးဟာ ပထမအကြိမ် အွန်လိုင်းရွှေဝတ္ထုတိုပြိုင်ပွဲ ကျမှ လူဝင်လူထွက် စတင်ဝေစည်စ ပြုခဲ့တယ် ထင်ပါတယ်)
သက်တံ့ဆယ်စင်း” စိတ်ကူးအတွက် သတိတရ ရောက်လာပြီး သက်တံ့ပေါ်မှာ ကစားခွင့်ပေးခဲ့တဲ့ ကိုရန်အောင် နဲ့ ရေးဖော်များ အားလုံး
ကြယ်စင် ဆယ့်တစ်” စိတ်ကူးရှင် ဆရာသက်တံ့ချို  နှင့်ရေးဖော်ကြယ်စင်များ
မိုင်တိုင်နှစ်ဆယ်” ပိုင်ရှင် ညီမငယ် အိန်ဂျယ်လ်လှိုင် နှင့် ရေးဖော်များ
စကားစမြည်စိုက်ခင်း” စာအုပ်မှ အွန်လိုင်း လင်းရောင်ခြည် ရေးဖော်များ
ညီငယ်ကိုကိုးအိမ်နဲ့ စာရေးဖော် စကားဝါပန်းများ…
တကယ်တော့ ကျေးဇူးမှတ်တမ်းဟာ ဒီထက်မက အဆများစွာ ရှည်လျားသင့်ပါတယ်။ အထက်မှာ ဖော်ပြခဲ့သူတွေက ကျွန်တော့်ရဲ့ ဘလော့ဂ်မှတ်တိုင်လေးကို ခိုင်မတ်မြဲမြံစေဖို့ ၊ စိတ်ဓါတ်အင်အားတိုးဖြည့်ပေးခဲ့သူတွေထဲက အထင်ကရ၊ မမေ့မလျော့ အမှတ်ရနေရမယ့် သူတွေမို့ပါ။
နောက်… ပို့စ်အသစ်တင်တိုင်း ရောက်လာပြီး တဆွေးတနွေး ကွန်မန့်ပေးတတ်တဲ့ ဆရာ ဦးဟန်ကြည်၊ သူကြီးမင်း ကိုကိုမောင် (ပန်းရနံ့)တီတင့်၊ မမြသွေးနီ၊ လင်းခေတ်ဒီနို၊ ကိုညီသစ်….အများကြီး ကျန်နေပါသေးတယ်။ တစ်ဦးချင်း၏ အမည်များကို တန်းစီရေးမပြနိုင်ပေမယ့် အမြဲ ကျေးဇူးတင် အမှတ်ရနေမှာပါ။
ဘလော့ဂ်ကနေ စာမျက်နှာတွေဆီအကူးမှာ ဖေးကူတဲ့ တွဲလက်များအဖြစ် ဆရာမင်းဝေဟင်၊ ဆရာ ချမ်းထက်ဟန်၊ ဆရာမ ဝေ (စီးပွားရေးတက္ကသိုလ်) ၊ ဆရာမ အဖြူရောင် (ရွှေ)၊ ဆရာမ မီမိုး.. စသည်တို့ကိုလည်း ချန်မထားခဲ့ချင်ပြန်ဘူး။
နောက် … ညီငယ် ကိုဏီ (ဏီလင်းညို) နဲ့ ညီမငယ် ရွှေအိမ်စည်
မေ့တော့မလို့…။ အရေးအကြောင်းရှိတိုင်း လှမ်းပြီး နားပူနားဆာပြုသမျှ မငြီးမငြူ ဖြည့်ဆည်းကူညီပေးနေကျ မမေ့နိုင်စရာ ၊ ကျေးဇူးတင်ချစ်ခင်စရာလူတစ်ယောက်။ ဆြာ ဇောင်း… ပါတဲ့။
နေ့စွဲတွေကို အမှတ်မဲ့ ဖြတ်သန်းတတ်တဲ့ ကျွန်တော့်အတွက် ဘလော့ဂ်သက်တမ်းလေး ဘယ်လောက်ရှိပြီလဲမေးလာရင် ဇဝေဇ၀ါ ပေမယ့် ချစ်ခင်ရတဲ့ ဘလော့ဂါစာရေးဖော်များနဲ့ စာလာဖတ်သူတွေ ရှိနေဦးမယ်ဆိုတဲ့ အသိက နေပျော်ကျေနပ်စရာ အင်အားနဲ့ ပျော်ရွှင်မှုပေးတာမို့ ဘလော့ဂ်အိမ်ကလေးကို တွယ်တာချစ်မက်နေမိဦးမှာပါ။  

10 comments:

  1. blog Day မှာ အမှတ်တရအနေနဲ့ ပါဝင်ရေးသားပေးတာ ကျေးဇူးပါ အကိုသတိုး
    ကြည်နူးစွာဖတ်သွားခဲ့ပါတယ်
    ပျော်ရွှင်သော ဘလော့ဂ်ဒေးဖြစ်ပါစေ
    စာတွေအများကြီးရေးနိုင်ပါစေရှင် :):)

    ReplyDelete
  2. စာတွေအများကြီး ဆက်ရေးသွားနိုင်ပါစေ...ဘရို...

    ခင်မင်ခြင်းအားဖြင့်...
    ဏီလင်းညို

    ReplyDelete
  3. ဟန်ကြည်September 1, 2013 at 3:29 PM

    အမှန်အတိုင်းပြောရရင် ဒီဘက်နောက်ပိုင်းမှာ ၀ထ္ထုတိုတွေ သိပ်မဖတ်ဖြစ်ပေမယ့် ကိုသတိုးရဲ့ ၀ထ္ထုတိုလေးတွေကိုတော့ စိတ်လိုလက်ရ ဖတ်ဖြစ်သဗျ...အရွယ်က စကားပြောချင်လာလို့ အညုတွေ အခရာတွေ ငြီးငွေ့လာတဲ့ အချိန်မှာ သရုပ်မှန်ဝတ္ထုတိုလေးတွေနဲ့ သွားတွေ့တာကိုး...နောက်ထပ်လည်း စာကောင်းပေမွန်တွေ ဖန်တီးသွန်းလုပ်နိုင်ပါစေဗျာ...

    ReplyDelete
  4. အရေးကြဲပေမဲ့ တစ်ပုဒ်ဆိုတစ်ပုဒ် ရသပေးလေ့ရှိတဲ့ သတိုးတစ်ယောက် ဘလော့ပင်လယ်ပေါ်မှာ ပျော်ပျော်ကြီးဆက်လက် လှော်နိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။ ဘလော့တွေဖတ်ဖြစ်ပေမဲ့ ဒီနှစ်အတွင်း ကွန်မင့်တွေ ချန်ခဲ့ဖို့ အားနည်းနေခဲ့မိတယ်။
    ဘလော့တွေကိုတော့ ဖတ်နေခဲ့ ဖတ်နေဆဲ ဖတ်နေဦးမှာပါ။ (သူကြီးမင်း)

    ReplyDelete
  5. ဘာပဲဖြစ်ဖြစ်.. ရေးခဲ့ကြပါသည်... ပေါ့။း)

    ReplyDelete
  6. ရသကောင်း စာပေတွေနဲ့ လက်ရာမွန်များစွာကိုလည်း မျှော်လင့်စောင့်စားပရစေအကိုရေ... Happy Blog Day ပါလို့....:)

    ReplyDelete
  7. အချစ်တို့ကိုဆက် မေတ္တာကွန်ရက်ကိုချဲ့လို့ စာရေးဆရာတစ်ယောက်ထွန်းပေါက်လာ အားရ၀မ်းသာကြိုဆိုတာ လူ့ရွာလောကမှာ ...

    ReplyDelete
  8. ကိုသတိုးရဲ့ ရသ၀တ္တုတိုတွေ အမြဲအားပေးဖြစ်ခဲ့တယ်။ စာမျက်နှာပေါ်အထိ နေရာတစ်နေရာ ရလာတာလဲ မုဒိတာပွား ၀မ်းသာမိရတယ်။ ဘယ်လိုပဲ ဖြစ်ပစေ ဘလော့ကိုတော့ ကျွန်မတို့ ချစ်ခင်နေဆဲပါ။ ဘလော့ကြောင့်သာ ကျွန်မတို့ရဲ့ ရင်းနှီးမှုတွေ ရင့်သန်လာရတာမဟုတ်လားနော်..

    ReplyDelete
  9. Blog Day ကနေ ... စာတွေ ပြန်ရေးဖတ်လာတဲ့ blogger အပေါင်း နဲ့ ထပ်တူ ၀မ်းမြောက်မိပါကြောင်း ... ၊ Print Enviroment ဆီ ကူးပြောင်းနိုင်ခဲ့တဲ့ ... ဆရာသမား အပေါင်းအတွက်လည်း ... ဂုဏ်ယူမိပါကြောင်း ...

    ReplyDelete
  10. ဘယ်တုန်းက တင်ထားမှန်းမသိလိုက်ဘူး ကိုသတိုးရေ ... အခုမှ ဖတ်မိတယ် ... ရသ စာပေလေးတွေ အတွက် ကျေးဇူးတင်ပါတယ်

    ခင်တဲ့
    ရွှေစင်ဦး

    ReplyDelete

စိတ်ထဲ ခံစားမိသလို မျှဝေပြောပြခဲ့ပါဦး...။